Skip to main content

မိုင်းဆတ်နှင့် နမ့်စန်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဧပြီ ၂

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် မိုင်းဆတ်မြို့နယ် မယ်ဆွမ်တောင်ကျေးရွာအုပ်စု ဝိန်းလိတ်ကျေးရွာအနီးတွင် အဲဘိုမောင်းနှင်လာသည့် ဆိုင်ကယ်နှင့်ကျအူ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း၊ မတ် ၃၁ ရက်တွင် နမ့်စန်မြို့နယ်နမ့်မော် ခေါက်ဆင့်ကျေးရွာအနီးတွင် စံမြင့်ဦးမောင်းနှင်လာသည့် ယာဉ်ကိုရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၄ ဒသမ ၄ ကီလို သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား