Skip to main content

“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော် ဧပြီ ၁

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “အကြမ်းဖက်သမားများကြောင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့သူများအတွက် နိုင်ငံတော်မှအထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမှု” ခေါင်းစဉ်ဖြင့် ၃-၄-၂၀၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

လာမည့်အပတ်ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “အကြမ်းဖက် သမားများကို အလိုမရှိသော ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ပြည်သူများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့်ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း အသိပေးကြေညာထားကြောင်း သိရသည်။

သတင်းစဉ်