နေပြည်တော် မတ် ၃၁
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် နောင်ချိုမြို့ ပါဟတ်ရပ်ကွက် အိုရီယမ်တယ် တိုးဂိတ်အနီးတွင် အောင်စိုးဦး မောင်းနှင်ပြီး မလဲ့ရည်ထွန်း လိုက်ပါလာသည့် Mitsubishi Pajero အမျိုး အစား မော်တော်ယာဉ်ကိုရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၈၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် အောင်စိုးဦး ၃၁ နှစ်နှင့် မလဲ့ရည်ထွန်း ၃၂ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်းစဉ်