နေပြည်တော် မတ် ၃၀
စစ်ကိုင်း-မင်းကွန်းသွာလမ်းပိုင်း၌ မတ်လ ၂၉ ရက်နေ့ ညနေခင်း လုပ်ငန်းမှ ပြန်လာသည့် ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး ငွေဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်းနှင့် မရွေးနိုင်သူများအား စစ်မှုထမ်းရန် ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများအား တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
မတ်လ ၂၉ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ နေရာအချို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အဖွဲ့ဝင်များနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းအသုံးပြုသူ မိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်းနှင့် ပြည်သူအချို့အား ဖမ်းဆီးထားသည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေမှစ၍ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် လုပ်ကြံသတင်းမျိုးစုံအား ဖြန့်ဝေခြင်း၊ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲ၍ ယုတ်မာအောက်တန်းကျစွာဖြင့် လုပ်ကြံဖန်တီးရေးသားခြင်းများ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်