Skip to main content

ဒုတိယဝန်ကြီး ဦးလွင်ဦး ဝန်ထမ်းအိမ်ရာများနှင့် အဆောင်များ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၃၀

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်၍ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာနများမှ အုပ်ချုပ်ရေးအရာရှိများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အရာထမ်း၊ အမှုထမ်း လူပျိုဆောင်/ အပျိုဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ထားသည့် နေထိုင်မှုစည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်ရေး၊ အိမ်ရာတိုက်ခန်း၊ အဆောင်အခန်းများ၏ အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်ရေး၊ နိုင်ငံတော်ပိုင် အိမ်ရာတိုက်ခန်း၊ အဆောင်အခန်းများ ရေရှည်ခိုင်ခံ့နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပေါ့လျော့မှုကြောင့် ပျက်စီးချို့ယွင်းမှုများကို မိမိအစီအစဉ်ဖြင့် ပြင်ဆင်ရေး၊ သဘာဝဘေးနှင့် နှစ်ကာလကြာမှုကြောင့် အကြီးစားပျက်စီးမှုများရှိပါက သတင်းပို့တင်ပြရေးနှင့် အိမ်ရာတိုက်များ၊ အဆောင်များ၏ အဆောက်အဦများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား အလင်းဖွင့်ရှင်းလင်းရေးတို့ကို မှာကြားခဲ့သည်။

သတင်းစဉ်