Skip to main content

လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအတွက် ရေချိုငါးတန် ပိဿာ ၅၀၀ လာရောက်လှူဒါန်း

နေပြည်တော် မတ် ၂၉

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ စေတနာရှင်ပြည်သူများက လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ရေချိုငါးတန် ပိဿာ ၅၀၀ ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်သို့ လာရောက်လှူဒါန်းသဖြင့် တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဆက်လက်ပို့ဆောင်ပေးရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အဆိုပါ တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရောက်ရှိလာသည့် ရေချိုငါးတန်များအား တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်