Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ရမည်းသင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း)နှင့် နည်းပညာတက္ကသိုလ် (ရမည်းသင်း)တို့၌ ကျောင်းသားများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှု ကြည့်ရှုအားပေး

နေပြည်တော် မတ် ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့နံနက်ပိုင်းက ရမည်းသင်းမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)သို့ ရောက်ရှိပြီး စာမေးပွဲခန်းများတွင် အင်ဂျင်နီယာဘာသာရပ်များအလိုက် ကျောင်းသား ကျောင်းသူများ ရွှင်လန်းချမ်းမြေ့စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ယင်းနောက် ဒုတိယဝန်ကြီးသည် စာကြည့်တိုက်၊ စာသင်ခန်းများ၊ ပုံဆွဲခန်း၊ သိပ္ပံလက်တွေ့ခန်းများ၊ Life Skills ခန်းများနှင့် အင်ဂျင်နီယာဌာနများရှိ လက်တွေ့ခန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသား ကျောင်းသူများအား အခြေခံသီအိုရီမှစ၍ နက်ရှိုင်းစွာ နားလည်သိရှိသွားပြီး လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သည်အထိ လေ့ကျင့်ပေးရန်မှာကြား၍ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ နည်းပညာ Skills များ ပြည့်ဝရုံအပြင် ဗလငါးတန်နှင့်ပြည့်စုံသော ကျင့်ဝတ်၊ စည်းကမ်းများကို လိုက်နာသော တိုင်းကျိုးပြည်ပြု အဖိုးတန်လူငယ်များဖြစ်စေရေး ကြိုးပမ်းစွမ်းဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ်(ရမည်းသင်း)သို့ ရောက်ရှိပြီး အင်ဂျင် နီယာဘာသာရပ်များအလိုက် သင်တန်းနှစ်အလိုက် စာမေးပွဲခန်းအသီးသီးတွင် ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးရာ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ကျောင်းသား ကျောင်းသူများ၏ ဖြေဆိုမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် ဒုတိယဝန်ကြီးက ကျောင်းသား ကျောင်းသူများစိတ်အေးချမ်း ပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် စာမေးပွဲစည်းကမ်းများအတိုင်း အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးကာ ခေတ်မီစာကြည့်တိုက်ဖြစ်စေရေး ဖြည့်ဆည်းဆောင်ရွက်ရန်၊ ဆရာနှင့် ကျောင်းသားများ စာကြည့်တိုက်အသုံးပြုမှု မြှင့်တင်ရန်မှာကြားပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံတော်နှင့်ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို အမှန်တကယ်ဖြစ်ထွန်းစေမည့် သုတေသနလုပ်ငန်းများဖြင့် ရှင်သန်သက်ဝင်နေသော တက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ နည်းပညာရည်ပြည့်ဝကာ ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်အင်ဂျင် နီယာကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်