Skip to main content

တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း အချိန်ပြောင်းလဲထုတ်လွှင့်မည်

နေပြည်တော် မတ် ၂၇

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းထုတ်လွှင့်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ မှစပြီး မတ်လ ၃၁ ရက်နေ့အထိ နေ့စဉ် နံနက် (၆:၀၀) နာရီမှစပြီး ရခိုင်၊ ရှမ်း၊ ‘ဝ’၊ ကချင်၊ ကယား၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်၊ ချင်း(လိုင်ဇိုး)၊ ချင်း (ချိုး)၊ မွန်ဘာသာအစီအစဉ်များကို ည (၂၃:၀၀) နာရီအထိ ထုတ်လွှင့်လျက်ရှိပါသည်။

ယခု NRC ရုပ်သံလိုင်း ထုတ်လွှင့်ချိန် ပြောင်းလဲထုတ်လွှင့်မှုကို ၂၀၂၄ ခုနှစ် ဧပြီ (၁) ရက်နေ့မှစပြီး ဇူလိုင်လ (၃၁)ရက် နေ့အထိ နေ့စဉ် နံနက် (၆:၀၀) နာရီမှ (၈:၀၀) နာရီအထိ ရှမ်းဘာသာအစီအစဉ်၊ နံနက် (၈:၀၀) နာရီမှ (၁၀:၀၀) နာရီအထိ ‘ဝ’ ဘာသာအစီအစဉ်၊ နံနက် (၁၀:၀၀)နာရီမှ နံနက်(၁၂:၀၀) နာရီအထိ ကချင်ဘာသာအစီအစဉ်၊ မွန်းတည့် (၁၂:၀၀) နာရီမှ မွန်းလွဲ (၁၄:၀၀) နာရီအထိ ကယားဘာသာအစီအစဉ်၊ မွန်းလွဲ (၁၄:၀၀) နာရီမှ ညနေ(၁၅:၀၀) နာရီအထိ စကောကရင်ဘာသာအစီအစဉ်၊ ညနေ (၁၅:၀၀) နာရီမှ ညနေ(၁၆:၀၀)နာရီအထိ အနောက်ပိုးကရင်ဘာသာအစီအစဉ်၊ ညနေ (၁၆:၀၀) နာရီမှ (၁၇:၀၀) နာရီအထိ အရှေ့ပိုးကရင် ဘာသာအစီအစဉ်၊ ညနေ(၁၇:၀၀) နာရီ မှ ည (၁၈:၀၀) နာရီအထိ ချင်း(လိုင်ဇိုး)ဘာသာ အစီအစဉ်၊ ည (၁၈:၀၀) နာရီမှ (၁၉:၀၀) နာရီအထိ ချင်း(ချိုး)ဘာသာ အစီအစဉ်၊ ၊ ည (၁၉:၀၀) နာရီမှ (၂၁:၀၀)နာရီအထိ မွန်ဘာသာအစီအစဉ်၊ ည (၂၁:၀၀) နာရီမှ (၂၃:၀၀) နာရီအထိ ရခိုင်ဘာသာအစီအစဉ်တို့ကို ဘာသာအလိုက် အချိန်ပြောင်းလဲ ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။

သတင်းစဉ်