ရန်ကုန် စက်တင်ဘာ ၄
မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနား ကျင်းပရေး ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က အခမ်းအနားကျင်းပရေး နှင့်ပတ်သက်၍ အခမ်းအနားကျင်းပ မည့်နေရာ၊ အခမ်းအနားအစီအစဉ် ကြိုတင် ရေးဆွဲဆောင်ရွက်ရန်နှင့် အခမ်းအနား အတွက် စင်မြင့်ဆောက်လုပ်ရန် ဆောင်ရွက် မည့်အစီအစဉ်များ၊ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာဆပ်ကော်မတီများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အတွက် ကြိုတင်ပြင်ဆင် ထားရေး၊ အသုံးစရိတ်များ စနစ်တကျသုံးစွဲရေးတို့ကို ဆွေးနွေး မှာကြားပြီး ဆပ်ကော်မတီဝင်များက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ မြန်မာ့ရုပ်ရှင်ရာပြည့်အခမ်းအနား အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြသည်။
ငြိမ်းကို (FDC)