နေပြည်တော် စက်တင်ဘာ ၄
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၂/၂၀၂၀)ကြိမ်မြောက် အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များက နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနမှ လည်း ကောင်း၊ ကျန်အဖွဲ့ဝင်များက သက်ဆိုင်ရာနေရာဒေသများမှ လည်း ကောင်း ပါဝင်ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲ လုပ်ငန်း ၁၀ ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါအဝင် ကုန်ထုတ်လုပ် မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းသစ် ရှစ်ခုကို ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၁၂၉ ဒသမ ၅၇၃ သန်းနှင့် ငွေကျပ် ၁၃၉၄၃၈ ဒသမ ၃၃၂ သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၁၅၇ နေရာကို ဖန်တီး ပေးနိုင် မည်ဖြစ် သည်။
၂၀၂၀ ပြည့်နှစ် ဩဂုတ်လကုန် အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်။ နိုင်ငံ/ဒေသပေါင်း ၅၁ ခုမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၃၂ ရာခိုင် နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၂၃ ရာခိုင် နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၁ ရာခိုင် နှုန်းဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။
သတင်းစဉ်