Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

 

နေပြည်တော် စက်တင်ဘာ ၄

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

စက်တင်ဘာ ၅ ရက် (စနေနေ့) တွင် ထုတ်ဝေမည့်ရွှေသွေးဂျာနယ်တွင် ပုပုတို့သူငယ်ချင်းတစ်စုသည် ငယ်ရွယ်သူများ ဖြစ်သော်လည်း လူကြီးသူမများအပေါ် ရိုသေကိုင်းရှိုင်းပြီး နားလည် သိတတ်ပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “ ပုပု ပါဝင်သည့် နေပါစေ ဒေါ်ဒေါ် ” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာပေါ်ရှိ သက်ရှိအရာများ၏ အစာ စွမ်းအင်စီးဆင်းပုံအကြောင်းကို ကလေးတို့ ဗဟုသုတ ဖြစ်ဖွယ် တင်ဆက် ထားသည့် သုတဆောင်းပါး၊ ရွာသူ ရွာသားများ ကြောက်လန့်နေကြသော ညသန်းခေါင်ယံအချိန်တွင် ထွက်ပေါ်လာတတ် သည့် မကောင်း ဆိုးဝါး တစ်ကောင်၏ သရုပ်မှန်ကို ဖော်ထုတ်ပေးနိုင်ခဲ့သည့် ကျောင်း ဆရာ ဦးအောင်ကြီး အကြောင်းကို ရေးဖွဲ့ထားသည့်မကောင်းဆိုးဝါး နှစ်မျက်နှာကာတွန်း၊ မိမိ၏အစအနောက်သန်မှုကြောင့် သူတစ်ပါးအား ဘေးဒုက္ခရောက်စေခဲ့သောကြောင့် နောင်တွင် နောက်ပြောင်ခြင်း မပြုရန် ကတိစကားဆိုသော ကျောင်းသား လေး ဇော်မောင် အကြောင်းကို ရေးဖွဲ့ထားသည့်မနောက်ပြောင်ရဲတော့ပါ ဝတ္ထုကဏ္ဍအပါအဝင် ရွှေသွေး အင်္ဂလိပ်စကားဝိုင်း၊ ကလေးကာတွန်း ပန်းချီစာမူ ဖိတ်ခေါ်ခြင်းဆိုင်ရာ ကြော်ငြာကဏ္ဍ၊ ကဗျာ စုံလင်စွာ ဖြင့် ဖတ်စရာ မှတ်စရာများပါရှိကြောင်း သိရသည်။

သတင်းစဉ်