Skip to main content

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၄

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်း ပြတိုက်၌ ကျင်းပသည်။

သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရခိုင် ပြည်နယ် အတွင်း ဩဂုတ်လအစောပိုင်းမှစတင်၍ ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာများတွေ့ရှိမှု များပြား လာသည့်အတွက် တပ်မတော်လေယာဉ်များဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ဆေးနှင့် ဆေးပစ္စည်းများ၊ စားသောက် ဖွယ်ရာများကို ပေးပို့လှူဒါန်း ခဲ့မှု၊ တပ်မတော်အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ပိုမိုထိရောက်လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက် နိုင်ရေး၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ထာ၀ရငြိမ်းချမ်းရေး အတွက် နိုင်ငံတကာ စံနှုန်းအတိုင်း နိုင်ငံတော်မှ အကြမ်းဖက်ဟု သတ်မှတ် ကြေညာထားသော အကြမ်းဖက်အဖွဲ့အစည်းများရှိသည့် နေရာ များမှအပ ကျန်နယ်မြေများတွင် စစ်ရေးဆိုင်ရာ လှုပ်ရှား မှုများကို စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ တိုးမြှင့် ရပ်ဆိုင်းပေးထားမှု၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ပစ်ခတ် တိုက်ခိုက် မှုရပ်စဲထားသည့် နယ်မြေများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွား ခဲ့မှုနှင့် ယင်း ကာလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ၌ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၉၆ သိန်းကျော်၊ ICE ၈၃၅၂ ကီလိုကျော် အပါအဝင် ကာလတန်ဖိုးငွေကျပ် ၇၆၁ ဘီလီယံ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖော်ထုတ်ဖမ်းဆီးနိုင် ခဲ့မှု၊ ရုရှားနိုင်ငံတွင် ကျင်းပနေသည့် International Army Games - 2020 ပြိုင်ပွဲ၏ တင့်ကားမောင်းနှင် ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်နေမှု၊ နေပြည်တော်တွင် တည်ထား ကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော် အစိတ်အပိုင်း (၁) ကို နေပြည်တော်သို့ ဆက်လက် ပင့်ဆောင် တည်ထား ပူဇော် သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်