ရန်ကုန် စက်တင်ဘာ ၄
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ကနေဒါနိုင်ငံမှ N95 Mask များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေ သနဦးစီးဌာန(ရုံးချုပ်) အစည်း အဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ နိုင်ငံရေး နှင့် စီးပွားရေးဆိုင်ရာသံမှူး မစ္စဂျနီဖာ ဟာ့တ်က N95 Mask များ လှူဒါန်းရ ခြင်းအကြောင်းကို ရှင်းလင်းပြောကြား ပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက လှူဒါန်းမှုနှင့်စပ်လျဉ်း ၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ နိုင်ငံရေးနှင့် စီးပွား ရေးဆိုင်ရာ သံမှူး မစ္စဂျနီဖာဟာ့တ်က N95 Mask အရေအတွက် ခုနစ် သောင်းကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ ပေးအပ် လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြု ရန်အတွက် ကနေဒါနိုင်ငံက ကနေဒီယံ ဒေါ်လာ ၄၈၉၉၃၄ တန်ဖိုးရှိ N95 Mask များ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မင်းလတ်