နေပြည်တော် စက်တင်ဘာ ၄
ရန်ကုန်မြို့တော်မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်း စီမံကိန်းများအနက် စီးပွား ဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာသည့် စက်မှုဇုန်နှင့် အခြေခံ အဆောက် အအုံများကို ဉီးစွာ အကောင် အထည်ဖော် ဆောင်ရွက်ရန် ပွင့်လင်းမြင်သာမှုရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ဆွစ်ယှဉ်ပြိုင် တင်ဒါ (Swiss Challenge) ခေါ်ယူနိုင်ရေး အကြံပေး ဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ် လက်မှတ် ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်မြို့ တော်ခန်းမတို့၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက် ကျင်းပသည်။
လက်မှတ်ရေးထိုးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း၊ Swiss Challenge တင်ဒါကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးကျော်မျိုး၊ တင်ဒါကော်မတီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဉီးဆက်အောင်နှင့် ဦးဗရတ် ဆင်းတို့သည် နေပြည်တော်မှလည်း ကောင်း၊ တင်ဒါကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးရဲမင်းဉီးနှင့် တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးနှင့် Roland Berger Pte. Ltd. မှ တာဝန်ရှိသူများက ရန်ကုန်မြို့ တော်ခန်းမမှလည်းကောင်း ပါဝင်တက်ရောက်ကြသည်။
လက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်းက ယနေ့သည် ရန်ကုန် မြို့ အနောက်ဘက် ကမ်းတွင် ခေတ်မီမြို့သစ်ဖော်ဆောင်နိုင်ရေး ရည်မှန်းချက်ကို လက်တွေ့ အကောင်အထည်ဖော်ရန် ခြေလှမ်း သစ် တစ်ရပ်ကို အစပြုမည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင် မည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းသစ်တွင် ပါဝင်သည့် လုပ်ငန်းစီမံကိန်း များအနက် စီးပွားဖြစ် ရပ်တည်နိုင်စွမ်းရှိမှု သေချာ သည့် စက်မှုဇုန်နှင့် အခြေခံ အဆောက်အအုံများကို ဉီးစွာအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံ တကာစံနှုန်း နှင့်အညီ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတို့ကို အလေးထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ရန်ကုန်မြို့တွင် စက်မှုလုပ်ငန်းများ ပိုမိုချဲ့ထွင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံ့စီးပွားရေး အပေါ် ဆိုးကျိုး သက်ရောက် မှုများ လျော့ပါးစေရေးနှင့် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရေး အထောက် အပံ့ဖြစ်စေမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ဖန်တီး ဖော်ဆောင်ပေး နိုင်ရေးသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP)၏ အနှစ်သာရလည်း ဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ရင်ဘောင်တန်းနိုင်စေရန်နှင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများအပြား ဆွဲဆောင်နိုင်ရန် အတွက် လိုအပ်လျက်ရှိသည့် ခေတ်မီ အခြေခံအဆောက် အအုံများကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ယခုစီမံကိန်းကို အကောင်အထည်ဖော်ဆောင် ရွက်ရခြင်းဖြစ် ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသည် စီးပွားရေးအရ အချက်အချာကျပြီး မြန်မာ့အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၂၆ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိရာ ရန်ကုန်မြို့တော် တွင် စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း။
ထို့အပြင် အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများအပါအဝင် စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး လာခြင်းမှ တစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူများ၏ စားဝတ်နေရေးနှင့် လူနေမှု အဆင့်အတန်း ပိုမိုကောင်း မွန်လာမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၏ အဓိကမောင်းနှင် အားဖြစ်သော ရန်ကုန်မြို့တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုခိုင်မာ အားကောင်းစေမည်ဖြစ်သည့် အပြင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက် အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် Swiss Challenge တင်ဒါကော်မတီ အတွင်းရေးမှူး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးနှင့် Roland Berger Pte. Ltd.မှ တာဝန်ရှိသူ တို့က ပြည်ထောင်စုဝန်ကြီး ရှေ့မှောက် တွင် အကြံပေးဝန်ဆောင်မှုလုပ်ငန်း အပ်နှံစာချုပ်ကို လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြ သည်။
အဆိုပါ စီမံကိန်းတွင် စက်မှုဇုန်၊ တန်ဖိုးနည်းအိမ်ရာများနှင့် အထောက်အကူပြု အခြေခံ အဆောက် အအုံများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)