နေပြည်တော် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထောက်ပံ့ မှုတစ်ကြိမ် မရရှိ သေးသော မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP) အရ ငွေကြေးလွှဲပြောင်းထောက်ပံ့ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် ညွှန်ကြား ရေးမှူး ချုပ်များ ပါဝင်တက်ရောက်ကြပြီး မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်း သားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးရှိ လူမှုဝန် ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးများ၊ မသန်စွမ်းသူများအသင်း တာဝန်ရှိသူများ နှင့် မသန်စွမ်း သူများ က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်သည် ကိုဗစ်-၁၉ ကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ် ထိခိုက် ဆုတ်ယုတ်မှုများ တတ်နိုင်သမျှနည်းပါးအောင် လျော့ချ သည့် အစီအစဉ်ဖြစ်ကြောင်း၊ ထိုအစီအစဉ်များဖြင့် လိုအပ်သူများကို ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ အစိုးရအ နေဖြင့် လူတိုင်း အခြေခံလူ့အခွင့်အရေး ခံစားရရှိရေးအတွက် အာမခံပေးနိုင်သည့် စစ်မှန်သည့် ဒီမိုကရေစီ အစိုးရဖြစ်အောင် ကြိုးပမ်း လျက်ရှိပါကြောင်း၊ အစိုးရစတင်တာဝန်ယူချိန်မှစ၍ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ပဋိသန္ဓေ တည်စမှ သက်ကြီးရွယ်အိုအထိ အခြေခံလူ့အခွင့် အရေးရရှိအောင် ဆောင်ရွက်ရာတွင် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ စီမံချက်များဖြင့်ဆောင်ရွက်ရပါကြောင်း။
ထို့ကြောင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေကို ခေတ်စနစ်နှင့် ညီအောင် (၂၀၁၈) ခုနှစ်တွင် ပြန်လည်ချမှတ်ခဲ့ ကြောင်း၊ ကလေး သူငယ်များသည် ပြုစုစောင့် ရှောက်မှု၊ ဖွံ့ဖြိုး မှုများ အပြင် ကာကွယ်စောင့်ရှောက်မှုပါ လိုအပ် သည့်အတွက် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) ကို အသစ်ပြဌာန်းခဲ့ ကြောင်း၊ ထိုမှတစ်ဆင့် လူငယ် ကဏ္ဍအတွက် လူငယ်ရေးရာမူဝါဒကို ဖော် ဆောင်ပြီး ယခုအခါ မဟာဗျူဟာစီမံချက်ကို ချမှတ်နိုင်၍ အကောင်အထည်ဖော်ရန် ကြိုးပမ်း နေပြီဖြစ် ကြောင်း၊ အမျိုးသမီးများနှင့်ပတ်သက်၍ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ (မူကြမ်း)ကို လွှတ်တော်သို့ တင်ပြထားပြီးဖြစ် ကြောင်း၊ ယနေ့ဆောင်ရွက်သည့် မသန်စွမ်းသူများအတွက် ဥပဒေရှိပြီးဖြစ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးကို ထိရောက် စွာဖော်ဆောင်နိုင်ရန် နည်းဥပဒေကို အမြန်ဆုံး ဖော်ဆောင်ခဲ့ပါကြောင်း၊ ထို့အပြင် မသန်စွမ်း သူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့် ကော်မတီများ ထပ်မံဖွဲ့ စည်းကာ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မသန်စွမ်းတစ်ဦးချင်းစီ၏ အခွင့် အရေးကို အပြည့်အ ဝဖော်ဆောင် ရန်ကြိုးပမ်းနေပါကြောင်း၊ သက် ကြီးရွယ်အိုဥပဒေပေါ်ပေါက်ပြီးဖြစ်၍ ဥပဒေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အစိုးရသစ် လက်ထက်တွင် လူမှုရေးပင်စင် ကို စတင်နိုင် ခဲ့ကြောင်း၊ ဤအောင်မြင် မှုများ ခိုင်မာတိုးတက်အောင် အခြေခံလူ့အခွင့်အရေးကို အာမခံသည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်လာစေရန် ဒီမိုကရေစီ ခရီးလမ်းကို ဆက်လက် လျှောက်လှမ်းလျက်ရှိပါကြောင်း၊ ပြည်သူ့အစိုးရက ပြည်သူအတွက် ရာနှုန်း ပြည့်ဆောင်ရွက် နိုင်ရန် ထာဝရငြိမ်းချမ်းရေးကို ဦးတည်လျက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ကြိုးပမ်းလျက်ရှိကြောင်း၊ သို့မှသာ စစ်မှန် သည့်ဒီမိုကရေစီစနစ် ကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဖော်ဆောင် ရာ၌ ကိုဗစ်-၁၉ ကာလတွင် သာမန်ထက်ပို၍ အခက်အခဲရှိသော ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်း သူများနှင့် သက်ကြီးရွယ်အိုများကို အစိုးရ၏ CERP ဖြင့် ထောက်ပံ့ခြင်းသည် ခံစားရရှိသင့်သည့် အခွင့်အရေး များကို အပြည့်အဝ ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့မှုများသည် ငွေကြေးအမြောက်အများ သုံးစွဲရပါကြောင်း။
ထိုကဲ့သို့ ဒေသတစ်ခုအတွင်းသို့ ငွေကြေးစီးဆင်းမှုများပြားခြင်းသည် ဤဒေသ အတွက် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ သို့မှသာ ကိုဗစ်-၁၉ ကြောင့် စီးပွားရေး ထိခိုက်မှုများ လျော့ပါးသက်သာလာစေနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာလ တွင် မိမိတို့၏ ဆောင်ရွက် ရမည့် လုပ်ငန်းယန္တရားများရပ်တန့်မသွားအောင် ဝိုင်းဝန်းကြိုးပမ်း ပေးကြသည့် ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ အသီးသီးကိုလည်း ကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးအရအဖွဲ့ လူမှုရေးဝန်ကြီးက ကြိုဆိုနှုတ်ခွန်း ဆက် စကားပြောကြားပြီး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက မသန်စွမ်းသူ (၁၁,၂၂၄) ဦးအတွက် ထောက်ပံ့ငွေ ကျပ် (၃၃၆,၇၂၀,၀၀၀) ကို လူမှုရေးဝန်ကြီး ထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် လူမှုရေးဝန်ကြီးက အခမ်းအနားသို့ ကိုယ်တိုင် ပါဝင်တက်ရောက်လာကြသော မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများကို လက်ဝယ် အရောက် ပေးအပ်ပြီး မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ များ အား ငွေကြေး ထောက်ပံ့ခြင်းအစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ကရင် တိုင်းရင်းသား ရေးရာဝန်ကြီးတို့က ကြိုဆို နှုတ်ခွန်း ဆက်စကားများပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူ (၁၉,၆၇၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၅၉၀, ၁၆၀,၀၀၀) ကို လူမှုရေးဝန်ကြီး ထံသို့လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေး မှူးက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူ (၁၅,၅၄၃) ဦး တို့အတွက် ထောက်ပံ့ငွေကျပ် (၄၆၆,၂၉၀,၀၀၀)ကို ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးထံသို့လည်း ကောင်း လွှဲပြောင်းပေးအပ်ရာ ထောက်ပံ့မှုများအတွက် တိုင်းဒေသကြီးအသီးသီးမှ မသန် စွမ်းသူများက ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားခဲ့ကြ ကြောင်း သိရသည်။
(သတင်းစဉ်)