Skip to main content

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက်(မော်လမြိုင်) ကြည့်ရှုစစ်ဆေး

မော်လမြိုင် မတ် ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံသည်ယမန်နေ့က မွန်ပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်)သို့ ရောက်ရှိပြီး ပြတိုက်အတွင်း ပြခန်းများခင်းကျင်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြတိုက်အားအများပြည်သူ ပိုမိုစိတ်ဝင် စားလာစေရန် ခေတ်မီနည်းစနစ်များအသုံးပြု၍ ခင်းကျင်းထားရှိရန်၊ လာရောက်ကြည့်ရှုသော ပြည်သူလူထုနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတပိုမိုရရှိအောင် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်ရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ချစ်မြတ်နိုးထိန်းသိမ်း တတ်စေရေးတိုင်းရင်းသားတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုများကို ဖော်ထုတ်သုတေသနပြု၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိရန်၊ မွန်ပြည်နယ်အတွင်းရှိ ရှေးဟောင်းနေရာဒေသများ၊ ရှေးဟောင်းအဆောက် အအုံများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန် မှာကြားသည်။

သတင်းစဉ်