Skip to main content

ဒုတိယဝန်ကြီး ဦးဇင်မင်းထက် အားကစားကွင်း၊ အားကစားရုံများ ကြည့်ရှုစစ်ဆေး

မော်လမြိုင် မတ် ၂၀

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်သည် ယမန်နေ့က အားကစားနှင့် ကာယပညာသိပ္ပံ (မော်လမြိုင်) သင်တန်းသား သင်တန်းသူများ အိပ်ဆောင်၊ စာသင်ဆောင်၊ စားရိပ်သာနှင့် အားကစားကွင်း၊ အားကစားရုံများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်နယ်အားကစားဥယျာဉ်တွင် တည်ဆောက်လျက်ရှိသော ဘက်စုံအားကစားရုံကို ကြည့်ရှုစစ်ဆေးပြီး စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ရာမည အားကစားကွင်းအစည်းအဝေးခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး ရာမညအားကစားကွင်း/ အားကစားရုံနှင့် ကျောင်းသားအားကစားကွင်းကို ကြည့်ရှုစစ်ဆေးကာ အားကစားရုံများ ရေရှည်တည်တံ့ရေး၊ အပျက်အစီးနည်းအောင် ထိန်းသိမ်းဆောင်ရွက်ရေး မှာကြားသည်။

သတင်းစဉ်