Skip to main content

လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြား

နေပြည်တော် မတ် ၂၀

လူငယ်ရေးရာဦးစီးဌာနရှိ အရာထမ်း/ အမှုထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြားခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် နောက်ခံသမိုင်းများ၊ အခြားနိုင်ငံများတွင် စစ်မှုထမ်းဥပဒေပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများတွင် ပါဝင်သည့်အချက်များဖြစ်သည့် စစ်မှုထမ်းရမည့် အသက်အရွယ်များ၊ စစ်မှုထမ်းခြင်း တာဝန်ထမ်းဆောင်ရမည့် ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သူများ၊ စစ်မှုထမ်းသူတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ထဲထဲဝင်ဝင်နားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေး (၃) ပါးကို စောင့်ထိန်းရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို သိရှိလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိရန်လိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်