Skip to main content

သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိသည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခို သီတင်းသုံးမည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၂၀         

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်တော်မူကြမည့် ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခိုသီတင်းသုံးမည့် နေပြည်တော်စည်ပင်ဧည့်ရိပ်သာအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆွမ်းစားဆောင်များနှင့် အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုကြသည်။

ပြည့်စုံစွာဖြည့်ဆည်းဆောင်ရွက်ပေး

ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက ဘွဲ့ခံဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများ ယာယီတည်းခို သီတင်းသုံးမည့် အဆောင်များအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဆောင်အတွင်း/ အပြင် သန့်ရှင်းသာယာရေး၊ ဆရာတော်သံဃာတော်များနှင့် သီလရှင်များ စိတ်ချမ်းမြေ့စွာ သီတင်းသုံးနိုင်ရေး၊ လျှပ်စစ်မီး ပြတ်တောက်မှုမရှိစေရေး၊ မီးဘေးလုံခြုံရေး၊ ခြင်နှင့်ယင်များမရှိစေရေးနှင့် အခန်းများအတွင်းရှိ အသုံးအဆောင်ပစ္စည်းများ ပြည့်စုံစွာဖြည့်ဆည်းဆောင် ရွက်ပေးစေရေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်