Skip to main content

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့် ဆီးရီးယား သုဝဏ္ဏကွင်း၌ ယနေ့ကစားမည်

ရန်ကုန် မတ် ၂၀

၂၀၂၆ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့် ခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းသည် ဆီးရီးယားလက်ရွေးစင်အသင်းနှင့် အိမ်ကွင်းကစားရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းနှင့် ဆီးရီးယားအသင်းတို့သည် မတ် ၂၁ ရက် (ယနေ့) ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့ဖလားအာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုတတိယပွဲစဉ် များကို မတ် ၂၁ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အိမ်ကွင်းကစားရမည်ဖြစ်သည်။

အုပ်စု (ခ) တွင် နှစ်ပွဲကစားအပြီးတွင် ဂျပန်အသင်းက ခြောက်မှတ်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယားအသင်းတို့က သုံးမှတ်စီရရှိထားကာ မြန်မာအသင်းမှာမူ နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ မြန်မာအသင်းသည် ဒုတိယမြောက် အိမ်ကွင်းပွဲအဖြစ် ဆီးရီးယားအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး ရမှတ်ရယူနိုင်မည့် အခွင့်အရေးဖြစ်နေသည်။ မြန်မာ အသင်းသည် ဂျပန်အသင်းကို အဝေးကွင်း၌ ငါးဂိုးပြတ်၊ မြောက်ကိုရီး ယားအသင်းကို အိမ်ကွင်း၌ ခြောက်ဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ဆီးရီးယားအသင်းမှာမူ အိမ်ကွင်း နှစ်ပွဲဆက်တိုက်ကစားထားပြီး မြောက်ကိုရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသော်လည်း ဂျပန်အသင်းကို ငါးဂိုးပြတ်အရေးနိမ့်ထားသည်။  

 ရဲရင့်လွင်