Skip to main content

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်မှုထမ်း စာရင်းများ ကောက်ခံရာတွင် အမျိုးသမီးများကိုပါ ကောက်ခံ လျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို မဟုတ် မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်မှုထမ်း စာရင်းများကောက်ခံရာတွင် အမျိုးသမီးများကိုပါ ကောက်ခံလျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို ပြည်သူများ စိုးရိမ်စိတ်များဖြစ်ပေါ်စေရန်  တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ရပကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်၍ အသိပညာပေး ဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခြင်းများကို  ပြည်သူအများသိရှိ နိုင်စေရေးအတွက် စနစ်တကျလုပ်ဆောင်ပေး လျက်ရှိကြောင်းနှင့် အမျိုးသမီးများ ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အကောင်အထည်ဖော်ရာ၌ လတ်တလောတွင် အမျိုးသမီးများကိုစစ်မှုထမ်းရန်အတွက် ခေါ်ယူရန်အစီအစဉ် မရှိသေးကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ  သိရှိလိုသည်များကို https://mod.gov.mm/ node/74 တွင် လေ့လာနိုင်ကြောင်းတို့ကို Mobile ဖုန်းများသို့ SMS(စာတိုပေးပို့ခြင်း) ဝန်ဆောင်မှုများဖြင့် အများပြည်သူထံသို့ ပေးပို့အသိပေးခြင်း ဆောင်ရွက်ခဲ့ပြီးဖြစ်သော်လည်း တရားမဝင် ပြည်ဖျက်မီဒီယာများမှ အရှက်ဂုဏ်သိက္ခာ ကင်းမဲ့စွာ လုပ်ကြံဖန်တီး ရေးသားနေခြင်းသာဖြစ်ကြောင်းသိရှိရပါသည်။

စစ်မှုထမ်းဆိုင်ရာနှင့်ပတ်သက်၍ လူအချို့မှ ငွေတောင်း၍ လိမ်လည်မှု ပြုလုပ်လျက်ရှိကြောင်းသိရှိရပြီး ပြည်သူများအနေဖြင့် လိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန်နှင့် အခြေအမြစ်မရှိသည့် သတင်းအမှားများကြောင့် လူငယ်လူရွယ်များ လမ်းမှားမရောက်စေရန်အတွက် စစ်မှုထမ်းဆိုင်ရာ သတင်းများသိရှိ နားလည်စေရေး နိုင်ငံပိုင်မီဒီယာများ၊ စစ်မှုထမ်းဆိုင်ရာ အသိပညာပေးသတင်းများကို စဉ်ဆက်မပြတ် ထုတ်လွှင့်အသိပေးလျက်ရှိကြောင်း https://mod.gov.mm/ node/74 တို့တွင်လည်း ဝင်ရောက်လေ့လာနိုင်ကြောင်းသတင်းရရှိပါသည်။