Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အိန္ဒိယနိုင်ငံ Nipha Exports Private Limited (NIPHA)မှ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံ Nipha Exports Private Limited မှ ဒုတိယဥက္ကဋ္ဌ Mr. P. K. Shah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စက်မှုဝန်ကြီးဌာနရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ စက်မှုကဏ္ဍအတွက် လိုအပ်သော စက်ပစ္စည်းများ တင်သွင်ရေးကိစ္စ၊ MSME များ၊ သံမဏိ၊ ဘိလပ်မြေ၊ ဆေးဝါး၊ ချည်မျှင်နှင့်အထည်စသည့် လုပ်ငန်းများရှိ ထုတ်လုပ်မှုကဏ္ဍ တိုးတက်ရေးအတွက်လိုအပ်သော စက်ပစ္စည်းများနှင့် နည်းပညာများ ပံ့ပိုးကူညီရေးကိစ္စ၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန်အတွက် ကုန်သွယ်မှုလုပ်ငန်းများတွင် အိန္ဒိယရူပီး/ မြန်မာကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေးကိစ္စရပ်များ ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်