နေပြည်တော် မတ် ၁၈
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုရေးသိပ္ပံဘာသာရပ် ဖြေဆိုရန် စာရင်းပေးသွင်းထားသူ နှစ်ဦးရှိပြီး တစ်ဦး လာရောက်ဖြေဆိုသည်။
လူမှုရေးဘာသာရပ် ဖြေဆိုရန် မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး စာရင်းပေးသွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
သတင်းစဉ်