Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ သို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် မတ် ၁၈

နိုင်ငံခြားရေးဝန်ကြီးဌာန တည်ထောင်သည့် (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများ၏ လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ ဆေးပဒေသာပင်သို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများရှိ ဝန်ထမ်းများက လှူဒါန်းသော အလှူငွေကျပ် ၇၇၀၀၀၀၀ ကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးက အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် - ၁၀၀၀ တပ်မှူး ဗိုလ်မှူးချုပ် အောင်မြတ်ကျော်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိကြသော ရှေ့တန်းရောက် တပ်မတော်သားများအတွက် ငွေကျပ် ၇၅၀၀၀၀၀ ကိုလည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

သတင်းစဉ်