Skip to main content

တောင်ငူတပ်နယ်နှင့် ပြည်တပ်နယ်တို့၌ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/ အဆင့်မြှင့်သင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများ ဖွင့်လှစ်

နေပြည်တော် မတ် ၁၈

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော အခြေခံ/ အဆင့်မြှင့်သင်တန်း၊ ကွန်ပျူတာအခြေခံသင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းများကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါသင်တန်းများကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ မှီခိုသူ ကျောင်းသား၊ ကျောင်းသူများဖြင့် ဧပြီလ ၁၂ ရက်နေ့အထိ အသီးသီး ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ အဆိုပါနွေရာသီသင်တန်းများကို ပြည်တပ်နယ်ရှိ မြဧရာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။