အင်္ဂပူ မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကျေးရွာအုပ်စု ကိုးအုပ်စုရှိ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကိုးသင်းမှ နေကြာစိုက်ပျိုး သည့် အသင်းသား ၂၁၅ ဦး၏ နေကြာစိုက်ဧက ၁၉၅ ဧကအတွက် တစ်ဧကလျှင်ငွေကျပ် ၁ ဒသမ ၃၉ သိန်းနှုန်းဖြင့် ပံ့ပိုးငွေကျပ် ၂၇၁ ဒသမ ၀၅ သိန်း၊ ပဲတီစိမ်းစိုက်ပျိုးသည့် အသင်းသား ၁၄၃ ဦး၏ ပဲတီစိမ်း စိုက်ဧက ၂၂၈ ဧကအတွက် တစ်ဧကလျှင် ပံ့ပိုးငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်းဖြင့် ငွေကျပ် ၂၇၃ ဒသမ ၆ သိန်း စုစုပေါင်းစိုက်ပျိုးမြေ ၄၂၃ ဧကအတွက် ပံ့ပိုးငွေကျပ် ၅၄၄ ဒသမ ၆၅ သိန်းအား စတုတ္ထအကြိမ် အရင်းမပျောက်မတည်ရန်ပုံငွေအဖြစ် မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ အသင်းအမှုဆောင်အဖွဲ့များသို့ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်