Skip to main content

တရားမဝင်လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၇

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ် ၁၄ ရက်တွင် မြစ်ငယ် - ထုံးဘိုတိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် FUDO လျှပ်စစ်ဒယ်နီအိုး ၁၁၂၆ လုံး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၂၈၁၂၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Cantrer Truck တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀ ကို လည်းကောင်း၊ မတ် ၁၅ ရက်တွင် မြစ်ငယ် - ထုံးဘို တိုးဂိတ်အနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် OSAKA လက်ကိုင်မီးအိမ် အလုံး ၄၅၀ အပါအဝင် ကုန်ပစ္စည်းသုံးမျိုး ခန့်မှန်တန်ဖိုးငွေကျပ် ၉၁၆၀၀၀၀ နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၉၇၂၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရွှေပြည်သာမြို့နယ် သီရိမင်္ဂလာပတ်လမ်း အမှတ် (၁၀၅၃) ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် Red Bull အားဖြည့်အချိုရည် ၄၅၆ ဘူး၊ Spy Wine (Black) ၄၃၂ ပုလင်း၊ Maximus Beer ၅၅၂ ဘူးအပါအဝင် ကုန်ပစ္စည်း ၁၃ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၄၅၀၀၀ ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ် ဉာဏရပ်ကွက် ခတ္တာလမ်း အမှတ် (၂၁၀)ရှိ ဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် High Commisioner ဝီစကီ ၅၇၆ ပုလင်း၊ Napoli စီးကရက် အတောင့် ၅၀၀ အပါအဝင် ကုန်ပစ္စည်း ၁၉ မျိုး ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၈၁၈၀၀၀ ကိုလည်းကောင်း၊ မင်္ဂလာဒုံ မြို့နယ် ပေါင်းကူးဉာဏ်နရပ်ကွက် စံပယ်လမ်း အမှတ်(7Q/B) ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင်စားအုန်းဆီ ၁၈ လီတာပါ ဘူး ၂၀၀၊ Spy Wine ၄၇၇၆ ပုလင်းအပါအဝင် ကုန်ပစ္စည်း ငါးမျိုး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၃၁၄၀၀၀ ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၉၀၆၇၇၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၁၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Shark Top Sun Solar PV Module အခု ၇၂၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၆၈၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၂ မှု၊ ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၅၃၂၉၀၀၀ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်