နေပြည်တော် မတ် ၁၆
၁၃၈၅ ခုနှစ် နတ်တော်လတွင် ကျင်းပပြီးစီးခဲ့သည့် (၉၂) ကြိမ်မြောက် ရန်ကုန်တိုင်း ဒေသကြီးလုံးဆိုင်ရာ ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်သံဃာတော်အရှင်မြတ် ၁၈၁ ပါးတို့အားစာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲကို ၁၃၈၅ ခုနှစ် တပေါင်းလဆန်း ၈ ရက် (မတ် ၁၇ ရက်)တနင်္ဂနွေနေ့ နံနက် ၁၁ နာရီခွဲတွင် ပုဇွန် တောင်မြို့နယ် ဘုရားဖြူကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
အဆိုပါစာအောင်ဆုနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲတွင် အလှူရှင်များအနေ ဖြင့် လှူဒါန်းလိုပါက စာချတန်း(ဝိနယပါရဂူ) တစ်ပါးလျှင် ကျပ် ၄၀၀၀၀၊ အကြီးတန်း (ဝိနယဝိသာရဒ) တစ်ပါးလျှင် ကျပ် ၆၀၀၀၀၊ အလတ်တန်း(ဝိနယဆေက) တစ်ပါးလျှင် ကျပ် ၄၅၀၀၀၊ အငယ်တန်း (ဝိနယကောသလ္လ) တစ်ပါးလျှင် ကျပ် ၃၀၀၀၀ နှင့် မူလတန်း (သာမဏေရဝိနယမူလ) တစ်ပါးလျှင် ကျပ် ၁၅၀၀၀ တို့ကို လှူဒါန်းနိုင်ကြောင်း သိရသည်။
သတင်းစဉ်