နေပြည်တော် မတ် ၁၆
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးတို့၏ လုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ဒက္ခိဏခရိုင် လျှပ်စစ်အင်ဂျင်နီယာရုံးတို့သို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံရာ ဇမ္ဗူသီရိမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ မီတာဘေငွေကောက်ခံနေမှု၊ မီးသုံးစွဲသူပြည်သူများအပေါ် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး ဆောင်ရွက်ထားမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြား၍ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးအတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒက္ခိဏခရိုင်ရုံးနှင့် ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်အင်ဂျင် နီယာရုံးတို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မိမိတို့မြို့နယ်များအတွင်း ဓာတ်အားခကြွေးကျန်များ အပြည့်အဝရရှိရေးနှင့် တရားမဝင်ဓာတ်အားရယူသုံးစွဲမှုများ မရှိစေရေးတာဝန်ရှိသူအဆင့်ဆင့်မှ စစ်ဆေးကြပ်မတ်သွားရန် လိုအပ်ကြောင်း၊ မြို့နယ်မှူးများသည် မိမိတို့ မြို့နယ်များအတွင်း အပတ်စဉ်ကွင်းဆင်းစစ်ဆေးသွားရန်လိုအပ်ကြောင်း၊ ဓာတ်အားစဉ်ဆက်မပြတ် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့အတွက် ဓာတ်အားလိုင်းများပေါ်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းစေရေးနှင့် လိုအပ်သည့်ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများကို စနစ်တကျဖြည့်ဆည်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ မိမိတို့လုပ်ငန်းသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြည်သူကိုအကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို အလေအလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းမှာကြားခဲ့ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍လည်း သိရှိထားသင့်သည့်အချက် အလက်များကို ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်