Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရုရှားနိုင်ငံ NPP A - Engineering LLC Company မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၁၄

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရုရှားနိုင်ငံ NPP A-Engineering LLC Company မှ Chief Commercial Officer Mr. Alexei Shoshin ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်မှုဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆွေးနွေး

တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးမှ တစ်နှစ်လျှင် တန်ချိန် ၃၅၀၀၀ ထွက်ရှိမည့် စားသုံးဆီထုတ်လုပ်မှုလိုင်းတည်ဆောက်ရေး၊ ဆီကြိတ်ခွဲရာမှ ထွက်ရှိသည့် ဘေးထွက်ပစ္စည်းများဖြင့် တိရစ္ဆာန်အစားအစာနှင့် လောင်စာတောင့်များ ထုတ်လုပ်ရေး၊ သီးနှံများစိုက်ပျိုးခြင်း၊ ပြုပြင်ထုပ်ပိုးခြင်း၊ သင်တန်းများဖွင့်လှစ်ခြင်း၊ ကုန်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် စက်များတပ်ဆင်ခြင်းနှင့် စမ်းသပ်လည်ပတ်ခြင်း၊ ကြီးကြပ်ပေးခြင်းစသည့် လုပ်ငန်းများဆောင်ရွက်ရေးစသည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ်၍ ဆွေးနွေးကြသည်။

ထို့ပြင် ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်ဧကများ အားလုံးတွင် သတ်မှတ်ပန်းတိုင်အထွက်နှုန်းများ ရရှိရေး၊ ဆီထွက်သီးနှံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်ခြင်း၊ စိုက်နည်းစနစ်နှင့် စိုက်ချိန်မှန်ကန်ခြင်း၊ မြေပြုပြင်ခြင်းနှင့် သွင်းအားစုများထည့်သွင်းခြင်း၊ ပိုးမွှားရောဂါနှိမ်နင်းခြင်း၊ စနစ်တကျရိတ်သိမ်းခြွေလှေ့ခြင်း စသည့်ကိစ္စရပ်များကို နိုင်ငံတော်မှ တွန်းအားပေး ဆောင်ရွက်နေမှု၊ စားသုံးဆီများကို အစားအစာဘေးကင်းလုံခြုံမှု စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီစွာ အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ မိရိုးဖလာဆီထုတ်လုပ်သည့် လုပ်ငန်းနည်းစနစ်မှ ပိုမိုကောင်းမွန်သည့် ဆီချောထုတ်လုပ်နိုင်ရန် ဆီသန့်စင်သည့် Refinery ဆိုင်ရာ နည်းပညာများလိုအပ်ခြင်းနှင့် ဆီသန့်စင်စက်များ ဝယ်ယူတင်သွင်းနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားသို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်