Skip to main content

AA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာရှိ အခြေခံပညာမူလတန်း (လွန်) ကျောင်းဝင်းအတွင်းမှ စာသင်ဆောင်များပျက်စီး

နေပြည်တော် မတ် ၁၃

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးတောရွာမအုပ်စု ရွှေပြည်သာကျေးရွာအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အခြေခံပညာ မူလတန်း (လွန်) ကျောင်းဝင်းအတွင်းမှ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ AA အကြမ်းဖက်သောင်းကျန်းသူများ သည် ယနေ့နံနက် ၉ နာရီ ခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောကျေးရွာဘက်မှ လက်နက်ကြီးများဖြင့် လက်လွတ်စပယ်ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျေးရွာအတွင်းရှိသော အခြေခံပညာမူလတန်း (လွန်) ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။

AA သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လက်နက်ကြီးများ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်း၊ ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ယခုတွင်လည်း အနာဂတ်ကလေးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာသင်ကြားပို့ချပေးနေသည့် ပညာရေးအဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လုပ်ရပ်များသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိသဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်