Skip to main content

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် မတ် ၁၃

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများ၊ အရာထမ်းအခြေခံသင်တန်းအမှတ်စဉ် (၆၇)၊ အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၉၈) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၀၇) မှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုးက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဥပဒေပညာဌာန ပါမောက္ခ ဒေါ်ဝင်းဝင်းမာက “ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းခြင်း၊ ဥပဒေ၏ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်အပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းရမည့်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များနှင့် စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့် ပြစ်မှုနှင့်ပြစ်ဒဏ်များကို ဥပဒေရှုထောင့်မှလည်းကောင်း၊ နိုင်ငံရေးသိပ္ပံပညာဌာန ပါမောက္ခ ဒေါ်သိန်းသိန်းထွေးက “ပြည်သူ့စစ်မှုထမ်းဥပဒေအား နိုင်ငံရေးရှုထောင့်မှ လေ့လာခြင်း ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ၏ စစ်မှုထမ်းသမိုင်းကြောင်း၊ စစ်မှုထမ်းခြင်း၏အဓိပ္ပာယ်၊ နိုင်ငံအလိုက် စစ်မှုထမ်းပုံစံများ၊ ကမ္ဘာပေါ်တွင် စစ်မှုထမ်းဥပဒေကျင့်သုံးသည့် နိုင်ငံများနှင့် နိုင်ငံအလိုက် စစ်မှုထမ်းစနစ်များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းကြောင့် ရရှိလာမည့် အကျိုးများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက မေးမြန်းချက်များကို ပြန်လည်ဖြေကြားဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်