Skip to main content

TNLA အဖွဲ့၏ ဖမ်းဆီခြင်းခံရပြီး စစ်သင်တန်းတက်ရောက်လိုခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် မတ် ၁၃

TNLA အဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ စစ်သင်တန်းများတက်ရောက်စေပြီး စစ်မှုတာဝန်များ ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။

ထိုသို့ TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး စစ်သင်တန်းတက်ရောက်လိုခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသား လူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသားလူငယ် ၄ ဦးကို တစ်ဦးလျှင် တစ်ဆယ်သိန်းကျပ်စီ ထောက်ပံ့ပေးအပ်ရာ တိုင်းရင်းသားလူငယ်များက အသီးသီးလက်ခံရယူကြပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား လူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။