နေပြည်တော် မတ် ၁၂
ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးချမ်းအေးသည် ၎င်း၏ ခန့်အပ်လွှာကို မတ် ၁၀ ရက်က ကူဝိတ်နိုင်ငံဘာရန်းနန်းတော်၌ ကူဝိတ်နိုင်ငံ ဘုရင်ရှိတ်မီရှာ အယ်လ်- အာမက် အယ်လ်- ဂျာဘားအယ်လ်-ဆာဘားထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်