Skip to main content

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၁

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၆ ရက်နေ့ ညနေ ၆ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဆည်အတွင်း သတင်းအရစောင့်ဆိုင်းနေစဉ် ရာဇာမိုး၊ မလမင်းနွယ်၊ သိန်းဇော်(ခ)ချစ်မွှေး၊ အောင်ပိုင်၊ မဖြူဖြူထွေးနှင့် မယမင်းသူ(ခ)မင်းမင်းတို့ ၆ ဦးမှ စက်တပ်လှေငယ် ၂ စီးဖြင့် မီးသွေးအိတ်များအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလ တန်ဖိုးငွေကျပ် ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ အား ဖမ်းဆီးရမိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူ စိုင်းမင်းသူ နှင့် ပူးပေါင်းပါဝင်သူ ထွန်းသန်းတို့အား မတ်လ ၇ ရက်နေ့ နံနက် ၇ နာရီအချိန် မတ္တရာမြို့နယ်၊ ဆည်တော်ကျေးရွာတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်သို့ ရေလမ်းကြောင်းအတိုင်း စက်တပ်လှေဖြင့် သယ်ဆောင်ခဲ့ပြီး မန္တလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။