(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို တပ်မတော်၏အမျိုးသားရေးမူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးကာကွယ်စောင့်ရှောက်ရေး။
(ခ) နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူလူထုတို့နှင့်အတူ တပ်မတော်သားများအနေဖြင့် ကျရာအခန်းကဏ္ဍများမှ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ရေး။
( ဂ ) အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တည်ဆောက်ရာ တွင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဆိုသည့် တပ်မတော်၏ လုပ်ငန်းစဉ်များနှင့်အညီ စွမ်းရည် (၃) ရပ် တိုးတက်မြင့်မားအောင် အစဉ်တစိုက် အကောင်အထည်ဖော်ဆောင်ရွက်ရေး။
(ဃ) နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေး။