Skip to main content

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုစားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

နေပြည်တော် မတ် ၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

တက်ရောက်

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်းကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူးဗိုလ်မှူးချုပ် ကျော်စွာဦး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြိတ်ခရိုင် စေတနာရှင်ပြည်သူများကိုယ်စား ငွေကျပ် ၁၇၆၁၀၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက တိုင်းမှူးထံဂုဏ်ပြုပေးအပ်သည်။ ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ စီးပွားရေးရာဝန်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

အလားတူ ဘုတ်ပြင်းခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၂၀၀၀၀၀ နှင့် ငွေကျပ် ၁၉၃၄၅၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ကော့သောင်းခရိုင်မှ စေတနာရှင်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၃၀၀၀၀၀၀ နှင့် ငွေကျပ် ၈၃၉၄၅၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း သတ်မှတ်နေရာအသီးသီး၌ လာရောက်ဂုဏ်ပြုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

ဂုဏ်ပြုချီးမြှင့်

အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက်ဖွယ်ရာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်