နေပြည်တော် မတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၉ - ၃ - ၂၀၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၆)၊ အမှတ် (၁၀) တွင် သူ၏အသက်ကို ချမ်းသာပေးခဲ့သည့် ကြွက်ကလေးသည် ခြင်္သေ့ကြီးထောက်ချောက် မိသောအခါ ပြန်လည်ကယ်တင်ပေးလိုက်သည့်အကြောင်း တင်ဆက်ထားသည့် “ကျေးဇူးဆပ်တဲ့ ကြွက်ကလေး” မျက်နှာဖုံးကာတွန်း၊ ဦးလေးနှင့်အတူ အိမ်သန့်ရှင်းရေးလုပ်ပေးသည့် ကီးကီနှင့် ဂျိုးဂျိုးတို့အကြောင်း တင်ဆက်ထားသည့် “ကီးကီ ဂျိုးဂျိုး” နှစ်မျက်နှာကာတွန်း၊ အမေနှင့် ချွတ်စွပ်တူသည့် ပုံတူပန်းချီမှာ မှန်ချပ်ပဲဖြစ်ကြောင်း အမေကို နောက်ပြောင်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကဏ္ဍ၊ ဒေါသကြီးသော မျောက်လွှဲကျော်ကြီးကို လူနီရိုင်းခေါင်းဆောင် လုပ်ခိုင်းကာ အားလုံးအတူတူ ကစားကြသည့် အကြောင်း တင်ဆက်ထားသည့် “အမြှောက်ကြိုက်တဲ့ မျောက်” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများအားလုံး တာဝန်သိစိတ်ဖြင့် အတူတကွ ကူညီပေးခဲ့အသည့်အတွက် မူးယစ်ဆေးဝါးများ တွေ့ရှိသွားသည့်အကြောင်း တင်ဆက်ထားသည့် “တာဝန်သိစိတ်” နှစ်မျက်နှာကာတွန်း၊ ဂျက်လေယာဉ်၊ ကျည်ဆန်ရထားများ မောင်းနှင်ကြသလို လူသားများသည်လည်း ဒုံးပျံစီး၍ လပေါ်သို့ ရောက်ရှိသွားသည့်အကြောင်း ရေးဖွဲ့ထားသည့် “သိပ္ပံခေတ်” ကဗျာကဏ္ဍ၊ စာမတတ်၍ ကစားပွဲများတွင် အမြဲရှုံးနေသဖြင့် စာတတ်အောင် ‘အ’ သုံးလုံးသင်တန်း တက်တော့မည့် ကြက်တောအကြောင်း တင်ဆက်ထားသည့် “ကြက်တောရဲ့ စာတတ်မှ” မျက်နှာဝက်ကာတွန်း၊ သုတကဏ္ဍ၊ အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍ၊ ဝတ္ထုကဏ္ဍနှင့် ပုံပြင်ကဏ္ဍအပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်