Skip to main content

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် UCMT CAREER FAIR 2024 ကျင်းပ

သန်လျင် မတ် ၆

သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (သန်လျင်) မှ ဘွဲ့ကြို ကျောင်းသား ကျောင်းသူများအား လုပ်ငန်းခွင် အတွေ့အကြုံရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ဘဏ်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် လိုအပ်သည့်လူ့စွမ်းအား အရင်းအမြစ်များ ရရှိစေရန် ရည်ရွယ်၍ သမဝါယမနှင့်စီမံ ခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ UCMT CAREER FAIR 2024 ကို မတ် ၆ ရက် နံနက် ၁၀ နာရီက ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်း က အမှာစကား ပြောကြားရာတွင် “သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်) အနေဖြင့် Bachelor of Business Science (B.BSc) ဘွဲ့ကို ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်မှစတင်၍ Accounting and Finance, Marketing Management, Applied Statistics, Regional Development နှင့် Social Enterprise Management အထူးပြုဘာသာရပ် ၅ ခုဖြင့် မွေးထုတ်ပေးလျက်ရှိရာ 4th Batch အထိ ဘွဲ့များပေးအပ် ချီးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဘဏ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့် မိမိတို့ တက္ကသိုလ်မှ ဘွဲ့ရများနှင့် ကိုက်ညီမည့် လုပ်ငန်းခွင်များအတွက် ရွေးချယ်နိုင်ပါ ကြောင်းနှင့် ကျောင်းသားကျောင်း သူများအနေဖြင့် မိမိတို့စိတ်ပါ ဝင်စားသည့် အလုပ်ကို သေချာ စွာ စဉ်းစားပြီးမှ လျှောက်ထား ကြရန်လိုကြောင်း” ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က “Harmonizing Skill Supply with Industry Demands” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး ဘဏ်များနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ၎င်းတို့လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေများ၊ အနာဂတ် ရည်မှန်းချက် များ၊ အလုပ်အကိုင်အခွင့်အလမ်း များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခ၊ ခေတ္တဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဘဏ်နှင့် ကုမ္ပဏီအဖွဲ့အစည်းများ မှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူ ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသတင်း ရရှိသည်။

သတင်းစဉ်