အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ကောလာဟလတွေ၊ ဒီအပေါ်မှာဖြစ်ပေါ်နေတဲ့ လုပ်ကြံဖန်တီးမှုတွေ၊ ပြီးရင်စိုးရိမ်ထိတ်လန့်မှုပေါ့။ ဒါတွေအတွက် ကျွန်တော်တို့အနေနဲ့ ပြောကြားဖို့ရှိတာလေးတွေကို မိဘပြည်သူများ အားလုံး၊ လူငယ်လူရွယ်များအားလုံး သိရှိစေဖို့အတွက် ကျွန်တော်တို့ ပြောကြားသွားမှာဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ကတော့ ဒီလုံခြုံရေးတပ်ဖွဲ့တွေက မြို့ရွာတွေမှာ ပေါ်တာဆွဲနေတယ်ဆိုတဲ့ဟာတွေကို ပြည်ဖျက်မီဒီယာများက အဆက်မပြတ် လုပ်ကြံဖန်တီးပြီးတော့ ထုတ်လွှင့်နေတာရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးလည်း မဟုတ်မမှန်တဲ့ အကြောင်းတွေကို အခါအားလျော်စွာ သတင်းထုတ်ပြန်ပေးလျက်ရှိပါတယ်။ မိဘပြည်သူတွေကို ကျွန်တော်တင်ပြလိုတာကတော့ ယခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေအရ ပြည်သူများရဲ့ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝလုံခြုံအေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှားနိုင်စေဖို့ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအုပ်ချုပ် ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဧည့်စာရင်းစစ်ဆေးတာတို့၊ လိုအပ်တဲ့စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကို မြို့ရွာတွေမှာ ဆောင်ရွက်နေတာရှိတယ်။ ဒါတွေ ဆောင်ရွက်တာကလည်း ဒီအကြမ်းဖက်သမားတွေ မြို့ရွာတွေမှာစိမ့်ဝင်တယ်၊ ဗုံးထောင်ဖောက်ခွဲတယ်၊ မိုင်းထောင်ဖောက်ခွဲတယ် ဒါတွေကြောင့် ကျွန်တော်တို့က ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့နေရာမှာ ဧည့်စာရင်း မတိုင်ဘဲနဲ့ နေထိုင်နေတဲ့သူတွေ၊ အိမ်ထောင်စုစာရင်းမဝင်တဲ့သူတွေ၊ အိမ်ထောင်စုစာရင်းမပြနိုင် တဲ့သူတွေ စစ်ဆေးတွေ့ရှိရင်တော့ သက်ဆိုင်ရာရဲစခန်းနဲ့ သက်ဆိုင်ရာဌာနတွေက ခေါ်ယူစစ်ဆေး ခြင်းများရှိတယ်၊ အနည်းအကျဉ်းပါပဲ။ ဒီလိုစစ်ဆေးတွေ့ရှိရင် ဥပဒေနဲ့အရေးယူခြင်းဆောင်ရွက်နေ သလို အကျိုးအကြောင်း ဆီလျော်တဲ့သူတွေကို ပြန်လည်စေလွှတ်ပေးနေတာရှိပါတယ်။ ဒီအပေါ်တွေမှာ ခုနကပြောတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းတဲ့အပေါ်မှာ ပြီးရင်ရပ်ရွာအေးချမ်းသာယာရေး မလိုလားတဲ့သူတွေက အများပြည်သူတွေကို ထိတ်လန့်တုန်လှုပ်ချောက်ချားစေဖို့ ရည်ရွယ်ပြီးပေါ်တာဆွဲနေတယ်တို့၊ ပြီးရင် ဘယ်နေရာမှာ ခေါ်သွားပြန်ပြီတို့ ဒါတွေကိုအချိန်ကိုက် သတင်းထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘ ပြည်သူများအနေနဲ့ ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ အသိသတိရှိစွာနဲ့ ပြည်ဖျက်မီဒီယာများရဲ့ လှုံ့ဆော် မှုများကို သတိထားကြဖို့ ပြောကြားလိုပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်တို့ မီဒီယာ တချို့နဲ့ လူမှုကွန်ရက်စာမျက်နှာ အချို့တွေမှာလည်း ပြည်သူတွေ ပြည်ပထွက်ခွာမှုကို တားဆီးပိတ်ပင်နေတယ်ဆိုတဲ့ ကောလာဟလတွေ ထုတ်လွှင့်နေတာ ရှိပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ ကန့်သတ်ချက်များ ထုတ်ပြန်တာမရှိပါဘူး။ စိစစ်တားဆီးတာမရှိဘဲနဲ့ လေဆိပ်တွေ၊ အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းကို စနစ်တကျဝင်ထွက်ခွင့် ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ပြီး ကန့်သတ်ထားတာမရှိဘူးဆိုတဲ့အကြောင်းကို ရှင်းလင်းစွာ အသိပေးလိုပါတယ်။
ဒါတွေက ဘာနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ လူငယ်လူရွယ်တွေအပေါ်မှာ ပစ်မှတ်ထားပြီးတော့ တောထဲကိုရောက်အောင်၊ လူငယ်လူရွယ်တွေကို အကြမ်းဖက်လမ်းစဉ်ကိုရောက်အောင် ပြည်ဖျက်မီဒီယာများနဲ့ အကြမ်းဖက်အဖွဲ့တွေက လှုံ့ဆော်တိုက်တွန်းနေတာ ဖြစ်ပါတယ်။ သားကောင်ဖမ်းသလိုပဲ။ မီဒီယာတွေက သံပုံးတီးပေးတယ်၊ ခြောက်လှန့်ပေးတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေက လာမယ့်လမ်းမှာ ပိုက်တားပြီးတော့ ဖမ်းတဲ့သဘောပါပဲ။ ကျွန်တော် လွန်ခဲ့တဲ့နှစ်ရက်လောက် ဆက်တိုက်ပြောပြီးဖြစ်ပါတယ်။ ဒီပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့သူ ၂၀၁၉ ကြားဖြတ် သန်းခေါင်စာရင်းအရ လူဦးရေ ၁၃ သန်းရှိတယ်။ သိန်းပေါင်း ၁၃၀ ရှိပါတယ်။ အဲဒီအထဲမှာ ကျွန်တော်တို့အနေနဲ့ တစ်နှစ်ကိုခေါ်ယူလေ့ကျင့်ပေးနိုင်တဲ့ ပြည်သူ့စစ်မှုထမ်းဆောင်ရမယ့်၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမယ့် လူဦးရေ ငါးသောင်း၊ ခြောက်သောင်းထက် မပိုပါဘူး။ ပြောရမယ်ဆိုရင် လူဦးရေ သိန်း ၁၃၀ ဖြစ်တဲ့အတွက် ၁ ရာခိုင်နှုန်းဆိုရင် တစ်သိန်းသုံးသောင်းရှိမယ်။ သုည ဒသမ ငါးရာခိုင်နှုန်းလောက်တောင်မှပဲ ကျွန်တော်တို့ စနစ်တကျခေါ်ယူလေ့ကျင့်သင်ကြားပေးဖို့ ခက်ခဲပါတယ်။ ဒါ့ထက်အောက်ကိုပဲ ခေါ်ယူ ရမှာဖြစ်တယ်၊ ခေါ်ယူနိုင်မှာဖြစ်တယ်။ တစ်နှစ်မှာမှ လူဦးရေ ၂၀၀ မှာ ၁ ယောက်ပဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အဲဒီတော့ မိဘပြည်သူများနဲ့ လူငယ်လူရွယ်များနေထိုင်နေတဲ့ ရပ်ကွက်တွေ၊ ကျေးရွာတွေမှာ အကျုံးဝင်တဲ့လူဦးရေ ဘယ်လောက်ရှိလဲ တွက်ကြည့်ပါ။ ဒီလူတွေက ဒီနှစ်မှာ ခေါ်ယူလေ့ကျင့်တယ်၊ နောက်တာဝန်ထမ်းဆောင်တယ်။ နောက် ၂ နှစ် ကြာရင်သူက စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်း ကျေပွန်တာဖြစ်ပါတယ်။ ဒါကြောင့် အလှည့်ကျဆောင်ရွက်နေတာဖြစ်တယ်။ လူနှစ်ရာမှာ တစ်ယောက်တောင်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ဖို့ နည်းပါတယ်။ ဒီဟာတွေကို မိဘပြည်သူများနဲ့ လူငယ်လူရွယ်များ အားလုံးသိရှိထားဖို့လိုတယ်လို့ ကျွန်တော်ပြောလိုပါတယ်။ ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဆောင်ခြင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းအတွက် လူငယ်တွေ ဘာအကျိုးကျေးဇူးရလဒ်တွေရမလဲဆိုရင် မိမိနိုင်ငံကိုကာကွယ်ဖို့၊ မိမိနိုင်ငံကို ကာကွယ်နိုင်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို လူငယ်တိုင်း လူငယ်တိုင်း၊ နိုင်ငံသူ၊ နိုင်ငံသားတိုင်း တတ်မြောက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ဆိုတာ၊ နိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းနဲ့လုပ်တတ်ကိုင်တတ်တဲ့စိတ်ဓာက် Team work, Team Spirit ရရှိလာမှာ ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံးအတွက် အရေးပါတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်းနဲ့ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ သူတွေ၊ နိုင်ငံချစ်စိတ်ရှိတဲ့သူတွေ အချင်းချင်း၊ မိတ်ဆွေတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်တွေ ရရှိသွားမှာဖြစ်တယ်။ ပြီးရင် တစ်ဦးချင်း စည်းကမ်းလိုက်နာလိုတဲ့စိတ်တွေ၊ တစ်ဦးချင်း စည်းကမ်းတကျ ဘယ်လိုနေရမယ်ဆိုတာတွေ ရရှိသွားမှာဖြစ်ပါတယ်။ လူငယ်တွေရဲ့ စွမ်းရည်စွမ်းအားတွေကို တိုးတက်ရရှိမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံတော်က ယခုအချိန် ထိကျောင်းတွေမှာ ဆိုနေရပါတယ်။ အရင်တုန်းက ကျောင်းကောင်စီသီချင်း မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက် ကောင်းအောင်ကြိုးစားမည်၊ ဒီနိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းက မိမိကိုယ်ကိုလည်း ကောင်းစေလာမှာ ဖြစ်ပါတယ်။ မိမိအဖွဲ့အစည်းကိုလည်း ကောင်းစေလာမှာ ဖြစ်ပါတယ်။ မိမိတိုင်းပြည်ကိုလည်း ကောင်းစေလာမှာ ဖြစ်တယ်ဆိုတာကို အလေးအနက် ယုံကြည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံ၊ ဒီလူမျိုးကို ဒီနိုင်ငံသား၊ ဒီလူမျိုးက မကာကွယ်ရင် ဘယ်သူကာကွယ်မလဲ။ အခြားလူမျိုးတွေက ကာကွယ်သွားလိမ့်မယ်။ အခြားလူမျိုးတွေက ကာကွယ်သွားတဲ့အချိန်မှာ ဒီနိုင်ငံ၊ ဒီလူမျိုးဆိုတာကလည်း ပျောက်ကွယ်သွားပြီး ဖြစ်ပါလိမ့်မယ်။ ဒါတွေကို မိဘပြည်သူများ၊ မျိုးချစ်စိတ်ရှိကြတဲ့၊ နိုင်ငံချစ်စိတ်ရှိကြတဲ့ လူငယ်လူရွယ်များက အလေးထားကြဖို့၊ အသိတရားထားကြဖို့ လိုအပ်ပါတယ်လို့ ပြောကြားလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။