နေပြည်တော် ဇန်နဝါရီ ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ကရင်ပြည်နယ် ဘားအံမြို့၌ တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာနအောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကရင်ပြည်နယ်ရုံး သင်တန်းခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပွင့်လင်းစွာတင်ပြကြရန် ပြောကြားသည်။
ထို့နောက် ဝန်ထမ်းများ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးက မှတ်သားရှင်းလင်း ဆွေးနွေးဖြေရှင်း ပေးပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအဖွဲ့အစည်းအချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တစ်ဦးချင်းခံစားချက်အပေါ် အခြေခံ၍ ဆောင်ရွက်ခြင်း မပြုလုပ်ကြစေရေး၊ စာရွက်စာတမ်း လုံခြုံရေး၊ လူပုဂ္ဂိုလ်လုံခြုံရေး အထူးဂရုပြုကြရန်နှင့် အခက်အခဲများ ကြုံတွေ့ရပါက အဆင့်ဆင့်တင်ပြဖြေရှင်း သွားကြရန်မှာကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်