နေပြည်တော် ဇန်နဝါရီ ၁၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေးသည်။
စစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းအကောင်အထည်ဖော်ရာ၌ သက်ဆိုင်ရာမြို့နယ်နှင့်ခရိုင်များမှ မိမိတို့နှင့်သက်ဆိုင်သည့် အပိုင်းများအလိုက် စနစ်တကျသုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ စီမံကိန်းများရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များ စနစ်တကျထည့်သွင်းနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ လုပ်ငန်းစီမံကိန်းများကို စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်နှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက်သွားရန်တို့ကို မှာကြားပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်