Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦး မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၁၈

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ဘရာဇီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေး စီမံကိန်းများအတွက် နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အလားအလာရှိသော လေကြောင်းကဏ္ဍ၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ကျန်းမာရေး၊ အားကစားနှင့် နည်းပညာဆိုင်ရာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ မြန်မာ-ဘရာဇီး နှစ်နိုင်ငံအကြား နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပမှုနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်