နေပြည်တော် ဇန်နဝါရီ ၁၃
ဂျူဒိုအားကစားသမားများ အချင်းချင်းချစ်ကြည်ရင်းနှီးမှုခိုင်မာလာစေရေး၊ မျိုးဆက်သစ်ဂျူဒိုအားကစားသမားများစွာ ပေါ်ထွက်လာစေရေးနှင့် ဂျူဒိုအားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် အမျိုးသားတံခွန်စိုက် ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပသည်။
ဆုများပေးအပ်ချီးမြှင့်
၂၀၂၄ ခုနှစ် အမျိုးသားတံခွန် စိုက်ဂျူဒိုပြိုင်ပွဲတွင် (အမျိုးသား/အမျိုးသမီး)(Kata)ပြိုင်ပွဲနှင့် ဝိတ်တန်းအလိုက် အတိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲများအပြီးတွင် ဆုရရှိကြသူများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်သည်။
တက်ရောက်
အခမ်းအနားသို့ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်