Skip to main content

အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၈

အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အမျိုးသားရေဥပဒေပေါ်ပေါက်ရေးသည် နိုင်ငံအတွင်းတွင် ရှိသည့် ရေအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီးရေဥပ‌ဒေ ရေးဆွဲပြဋ္ဌာန်းရေးဆောင်ရွက်ရန် လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် သတ်မှတ်တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် အမျိုးသားရေဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် အားလုံးပေါင်းစပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ အတွင်းရေးမှူးက အမျိုးသားရေဥပဒေ မူကြမ်းရေးဆွဲရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနအဖွဲ့အစည်းများမှ Task Force အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များက အမျိုးသားရေဥပဒေမူကြမ်းနှင့် အမျိုးသားရေဥပဒေ ပြုစုရေးလုပ်ငန်းများ၊ ပံ့ပိုးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ယင်းနောက် အမျိုးသားရေဥပဒေပြုစုရေး Task Force အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်