မုံရွာ၊ ဩဂုတ် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်တို့ လိုက်ပါ၍ ယနေ့ညနေပိုင်းက ခင်ဦးမြို့နယ်တွင် ဩဂုတ် ၃၁ ရက် နံနက် (၆) နာရီမှ (၁၀) နာရီအထိ စုစုပေါင်း (၄) နာရီခန့် မိုးသည်းထန်စွာ ရွာသွန်း၍ ကိုးပင်ချောင်း ရေလျှံတိုက်စားမှုကြောင့် ရွှေဘို-မြစ်ကြီးနား လမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၈/၅၊ တံတားအမှတ် ၂/၂၄ တွင် ကတ္တရာ လမ်းအရှည်ပေ (၂၀) ခန့် ပြိုကျပျက်စီးမှုအား သွားရောက် ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြိုကျပျက်စီးသွားသော တံတား ချဉ်းကပ် တာပေါင် (၂၀) ခန့်အား စက်ယန္တရားများ အသုံးပြုပြီး မကြာမီ အများပြည်သူသွားလာမှု လွယ်ကူစေရန် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန်နှင့် နောင်တွင် အလားတူမဖြစ်ပေါ်စေရေးအတွက် ယခုတံတားထက် ခိုင်ခံ့သော တံတားသစ်ရရှိရေးကို အထူး အလေးထား၍ တံတားသစ်အမြန် ပြန်လည်တည်ဆောက်နိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းကိုကို (တိုင်းဒေသကြီး -ပြန်/ဆက်)