Skip to main content

ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ပြည်ထောင်စုနယ်မြေ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့် နေပြည်တော်ကောင်စီ စီမံကိန်းဦးစီးရုံးသို့ သွားရောက်စစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၅

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းသည် စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ဗဟိုစာရင်းအင်းအဖွဲ့ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ပြည်ထောင်စုနယ်မြေ ဗဟိုစာရင်းအင်းအဖွဲ့ရုံးနှင့် နေပြည်တော်စီမံကိန်းဦးစီးရုံးများကို သွားရောက်စစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် ဗဟိုစာရင်းအင်းအဖွဲ့ရုံးသို့ ရောက်ရှိပြီး အခြေခံစာရင်းများ စုစည်းရယူထားရှိရန်၊ စာရင်းကောက်ယူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ရန်၊ စာရင်းအင်းအချက်အလက်များနှင့် ကိန်းဂဏန်းအချက်အလက်များ ခိုင်မာမှုကို စိစစ်ဆောင်ရွက်သွားရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ စာရင်းကောက်ယူမှုများကို မြေပြင်နှင့်ကိုက်ညီပြီး အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေး စုဖွဲ့လေ့ကျင့်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းနှင့်အညီ ပြုမူနေထိုင်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စီမံကိန်းဦးစီးရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး စီမံကိန်းများ အကောင်အထည်ဖော်မှုအပေါ် စနစ်တကျသုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များ၏ စီမံကိန်းများရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျထည့်သွင်းနိုင်ရေး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းများအတွက် စနစ်တကျ စိစစ်ဆောင်ရွက်သွားရန်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ သိရှိလိုက်နာဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

သတင်းစဉ်