Skip to main content

ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန် ရန်ကုန်မြို့ရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုများစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၁၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်သည် ဒီဇင်ဘာ ၁၂ ရက်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဟံသာဝတီဆက်သွယ် ရေးစခန်းသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာနှင့် နည်းပညာဆိုင်ရာ လိုအပ်သည် များကို မှာကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) တိုးကြောင်ကလေးရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း ဂြိုဟ်တုဆက်သွယ်ရေး စခန်းဝင်းသို့ရောက်ရှိပြီး ဂြိုဟ်တု ဆက်သွယ်ရေးဝန်ဆောင်မှုပေးနေမှု အခြေအနေများကို စစ်ဆေးကြည့်ရှုသည်။

ဆက်လက်၍ အဆိုပါ ဂြိုဟ်တုဆက်သွယ်ရေးဝင်းအတွင်းရှိ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စောင့်ကြည့်တိုင်းတာရေးစခန်းသို့ သွားရောက်ကာ လှိုင်းနှုန်း တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။

သတင်းစဉ်