ရေတာရှည် ဩဂုတ် ၃၀
ဩဂုတ်လ(၃၀)ရက်နေ့၊ နံနက်(၉)နာရီ က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရေတာရှည် မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ် ခင်တန်းကြီးကျေးရွာ အုပ်စု စမိုးချောင်း ရေကြီး ရေလျှံဖြစ်ပေါ်မှု မရှိစေရေးအတွက် ချောင်းဖြတ်တံတားများအား သွားရောက် ကြည့်ရှု့ကြပြီး လိုအပ် သည်များကို သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်တန်းကြီးကျေးရွာအုပ်စုဖွံ့ဖြိုးရေးအတွက် ပေါက်ချောင်း ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်မီး လင်းရေးဆိုင်ရာ တင်ပြတောင်း ဆိုချက် များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ကျော်နှင့် အတူ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ပြီး နန်ချွန်- ဖျံချောင်း- ဖားပေါင်တင်လမ်း ကျောက်ရော မြေခင်းခြင်းအတွက် ငွေကျပ် (၂၄)သန်း၊ ဂွေးချောင်းရိုးဟောင်း ရေထွက် ပေါက်ဖောက်လုပ်ရာ တွင် ပါဝင်သွားသည့် စိုက်ပျိုးမြေများ အတွက် တောင်သူများထံ မြေယာ/သီးနှံလျှော်ကြေးငွေ (၂၇၃၇၅၀၀) သိန်း၊ ခင်တန်းကြီး ကျေးရွာ အမက(မူလွန်)ကျောင်း ကျောက်တိုင် သံဇကာကာရံခြင်း လုပ်ငန်းဆောင်ရွက် ရန်အတွက် ငွေကျပ်(၄၅)သိန်းတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)