Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း မိတ္ထီလာပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ ခွဲစိတ်ကုသမှု ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၂

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံကြီး၌ မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် - မန္တလေးတို့ ပူးပေါင်းဆောင်ရွက်နေသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသပေးနေမှုကို ကြည့်ရှုအားပေးပြီး ခွဲစိတ်ကုသမှုခံယူ မည့်လူနာများအား အာဟာရနှင့် ထောက်ပံ့ငွေများ ပေးအပ် သည်။

အဆိုပါ ခွဲစိတ်ကုသမှုကို ဒီဇင်ဘာ ၁ ရက်မှ ၄ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး လူနာ ၂၉ ဦးကို မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ်ကုသမှုပေးလျက်ရှိကာ ကျန်ရှိလူနာ ၁၁ ဦးကို သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် မန္တလေးမြို့၌ ခွဲစိတ်ကုသမှုများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်